Search This Blog

Friday, May 25, 2012

ဘာသာမဲ့ဆိုတာ ဘာသာတစ်မျိုးပဲလား

          ဘာသာမဲ့ခြင်းကို ဝေဖန်သူတွေဟာ ဘာသာမဲ့ဆိုတာ ဘာသာတစ်မျိုးပါပဲ လို့ပြောတတ်ကြတယ်။ ဘာသာမဲ့ ကို ဝေဖန်သူတွေဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေသာ ဖြစ်ရင်၊ သူတို့ ပါးစပ်ကနေ ဒီစကားမျိုးကို စာရိတ္တပျက်ပြားမှု၊ ဥပဒေဖောက်ဖျက်မှုမျိုးနဲ့ စွပ်စွဲချက် ဆန်ဆန် ပြောထွက်တာ အံ့သြစရာပဲ။ ဒီလို နားယောင်လွယ်မယ့် စွပ်စွဲချက်တွေ အသာထားပါတော့။ ဘာသာမဲ့ဆိုတာ တကယ်ပဲ ဘာသာတစ်မျိုးပဲလား?

Thursday, May 10, 2012

ဆင့်ကဲဖြစ်စဉ် ရှုထောင့်မှ ဗီဇဆင့်ပွားခြင်း (Gene Duplication)

 ဗီဇဆင့်ပွားခြင်း ဖြစ်ပေါ်ပုံ

                ဗီဇဆင့်ပွားခြင်း ဖြစ်စဉ်သည် ဒီအန်အေတစ်ခုတည်းတွင် ချွတ်စွပ်တူညီသော (သို့) မူကွဲဗီဇ အစုံများ မှားယွင်းပွားများမိခြင်း ဖြစ်သည်။ ခန္ဓာဆဲလ်နှင့် မျိုးဂမိဆဲလ် နှစ်မျိုးလုံးတွင် ဗီဇဆင်ပွားမှု ဖြစ်နိုင်သည်။ ခန္ဓာဆဲလ်တွင် ဖြစ်ပေါ်သော ဗီဇဆင့်ပွားမှုသည် နောက်မျိုးဆက်ကို ဆက်လက် သယ်ဆောင်မည်မဟုတ်ပေ။ သို့သော် မျိုးဂမိဆဲလ်တွင် ဖြစ်ပွားသော ဗီဇဆင့်ပွားမှုများမူ မျိုးဆက်သစ်များတွင် ဆက်လက် သယ်ဆောင်လာမည် ဖြစ်သည်။ ဗီဇတစ်ဆပါသော ဂမိဆဲလ်များ ဖြစ်လာရန် ဗီဇနှစ်ဆပါသော ဂမိဆဲလ်လောင်းများက မိုင်ယိုးဆစ် ဆဲလ်ကွဲနည်းဖြင့် ပွားရသည်။ မိုင်ယိုးဆစ် ဆဲလ်ကွဲနည်းတွင် မူကွဲ ခရိုမိုဆုမ်း အစုံချင်း ဗီဇများ လဲလှယ်ကြသည်။ သို့သော် တခါတရံတွင် အဝေမတည့်သော ဗီဇအလဲအလှယ် (Unequal Crossing Over) ဖြစ်စဉ်မျိုး၌ ခရိုမိုဆုမ်းတစ်ခုက ဗီဇ အမျိုး ၁ဝဝ အလဲအလှယ် လုပ်ချိန်တွင် နောက် တစ်ခုက ဗီဇ အမျိုး ၁၂ဝ အလဲအလှယ် လုပ်သည် ဆိုပါစို့။ ဖြစ်လာမည့် ဂမိဆဲလ်နှစ်ခုအနက် တစ်ခုသည် ဗီဇအခု ၂ဝ ဆုံးရှုံးသွားပြီး နောက်တစ်ခုတွင် ရှိပြီးသား ဗီဇအမျိုး ၂ဝနှင့် ဆင်တူသော ဗီဇ ၂ဝ အပို ပါရှိလာကြသည်။