Search This Blog

Friday, May 25, 2012

ဘာသာမဲ့ဆိုတာ ဘာသာတစ်မျိုးပဲလား

          ဘာသာမဲ့ခြင်းကို ဝေဖန်သူတွေဟာ ဘာသာမဲ့ဆိုတာ ဘာသာတစ်မျိုးပါပဲ လို့ပြောတတ်ကြတယ်။ ဘာသာမဲ့ ကို ဝေဖန်သူတွေဟာ ဘာသာရေး ကိုင်းရှိုင်းသူတွေသာ ဖြစ်ရင်၊ သူတို့ ပါးစပ်ကနေ ဒီစကားမျိုးကို စာရိတ္တပျက်ပြားမှု၊ ဥပဒေဖောက်ဖျက်မှုမျိုးနဲ့ စွပ်စွဲချက် ဆန်ဆန် ပြောထွက်တာ အံ့သြစရာပဲ။ ဒီလို နားယောင်လွယ်မယ့် စွပ်စွဲချက်တွေ အသာထားပါတော့။ ဘာသာမဲ့ဆိုတာ တကယ်ပဲ ဘာသာတစ်မျိုးပဲလား?


          မဟုတ်ပါ။ ဘာသာမဲ့ဆိုတာ ဘာသာတစ်ခုကို မဟုတ်တာပါ။ ဘာသာမဲ့တွေမှာ ဘုံတူညီတဲ့ လောကကို ဖြေရှင်းတဲ့ အယူဝါဒ၊ ဘုန်းတော်ကြီး လူတန်းစား၊ ကျမ်းဂန်တော်မြတ်တွေ၊ ကိုးကွယ်ရှိခိုးစရာ အရာဝတ္ထုတွေ ဘာတစ်ခုမှ မရှိပါဘူး။ ဘာသာမဲ့ဆိုတာ ဘာသာတစ်ခုပါလို့ ပြောဖို့အတွက် ဘာသာမဲ့မှာ ဒီ ဂုဏ်သတ္တိတွေ ကင်းမဲ့နေပါတယ်။ ခန့်မှန်းလို့ရမယ့် စောတက တက်မှုမျိုးတွေကတော့ တက္ကသိုလ် ပါမောက္ခကြီးတွေဟာ ဘာသာမဲ့ဘာသာရဲ့ ဘုန်းတော်ကြီးတွေ၊ ချားလ်စ်ဒါဝင် ရေးတဲ့ သက်ရှိမျိုးစိတ်တို့၏ မူလအစ စာအုပ်ကြီးဟာ ဘာသာမဲ့ ဘာသာရဲ့ ကျမ်းဂန်မြတ်၊ စတဲ့ အဓိပ္ပာယ်မရှိတဲ့ အဆိုတွေဟာ ဘုန်တော်ကြီး လူတန်းစား၊ ကျမ်းဂန်တော်မြတ်၊ ကိုးကွယ်ရှိခိုးမှု ဆိုတဲ့ ဝေါဟာရတွေနဲ့ သင့်လျော်တယ်လို့ အကြမ်းစား (ဒါပေမယ့် အဲလို လွယ်လွယ် တွေးနိုင်တယ်လေ) ထင်မြင်မှုတွေပါပဲ။


          ဘာသာမဲ့အယူအဆဟာ တခြား ဘာသာလွတ် ဝါဒမျိုးတွေနဲ့ ပေါင်းစပ်နိုင်တာတော့ ဟုတ်ပါတယ်။ တစ်ချို့ဟာတွေဆိုရင် ဘာသာရေးနဲ့ တူလောက်အောင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆန်တဲ့ အယူဝါဒတွေ ရှိတာပေါ့။ မားစ်ဝါဒရဲ့ တစ်ချို့အပိုင်းတွေ ဆိုရင် မကြာခဏ ထောက်ပြခံရပါတယ်။ ကမ္ဘာဘာသာကြီးတွေရဲ့ အောက်မှာ ရှိတဲ့ ဘာသာမဲ့ဆန်တဲ့ ဂိုဏ်းငယ်လေးတွေဟာ သူတို့ လာခဲ့တဲ့ မူလဘာသာကြီးတွေရဲ့ အငွေ့အသက်များ ကျန်ရစ်နိုင်ပါတယ်။ ဒါတွေအားလုံးဟာ ဘာသာမဲ့အယူအဆဟာ ဘာသာတစ်ခုပဲလို့ မဆိုလိုနိုင်ပါ။ ဒါမှမဟုတ် ဘာသာမဲ့တွေဟာ အထက်ပါ ဘာသာရေးဆန်တဲ့ ဘာသာမဲ့ အယူအဆတွေထဲက တစ်ခုမဟုတ် တစ်ခု လက်ခံရမယ်လို့ မဆိုလိုပါ။ ရုပ်မဲ့တဲ့ စိတ်ဝိညာဉ်ကို ယုံကြည်ခြင်းဟာ ဘာသာရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တတ်သလို ဘာသာမဲ့ရဲ့ အစိတ်အပိုင်လည်း ဖြစ်နိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆန်တဲ့ ဘာသာမဲ့အယူအဆတွေ ရှိပေမယ့် ဘာသာမဲ့ဟာ ဘာသာတစ်ခု မဟုတ်တာဟာ စာကြည့်တိုက်ထဲက စာအုပ်ဟာ စာကြည့်တိုက် မဟုတ်သလို၊ ရေမော်လီကျူးထဲက ဟိုက်ဒရိုဂျင် အက်တမ်ဟာ ရေမဟုတ်သလို၊ ဂျုံတစ်ခွက်ဟာ ချောကလက်ကိတ် တစ်ခုလုံး မဟုတ်သလိုပါပဲ။

          နောက်ဆုံးတော့ ဘာသာမဲ့အယူအဆကို ဘာသာတစ်ခုလို့ ခေါ်လိုက်တာဟာ အရင်းရှင်ဝါဒ၊ ဆွေးနွေးညှိနှိုင်းဝါဒ (Pacifism)၊ တီဗီရှေ့မှာ အကြာကြီး ထိုင်နေခြင်း၊ ထမင်းတစ်လုတ်စားရင် ၅မိနစ်ကြာခြင်း၊ အဝတ်ကို လေးခါ ရေလျှော်ခြင်း ဆိုတာကို ဘာသာတရား တစ်ခုလို့ စွပ်စွဲလိုက်သလိုပါပဲ။ အဲလို စွပ်စွဲမှုဟာ လူတစ်ချို့ရဲ့ သူတို့မကြိုက်တာကို ညွှန်းဆိုနည်းတစ်မျိုး၊ သူတို့မကြိုက်တာ တစ်ခုနဲ့ ဆိုင်တဲ့လူအကုန်လုံးဟာ အစွန်းရောက် အယူသီးတွေလို့ ထင်မြင်ချက်ချလိုက်တာပါပဲ။ တိုတိုပြောရရင် ဘာသာမဲ့အယူကိုယ်တိုင်ဟာ ဘာသာတစ်မျိုးပဲဆိုတာဟာ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ယုံမှတ်မှု (Claim) တစ်ခုပါပဲ။ ဘာသာတရားတစ်ခု ဖြစ်လာရမယ့် အရာတွေကို ပုံမှန်စဉ်းစားကြည့်ရင် စင်စစ် ဘာသာမဲ့အယူအဆဟာ မပြည့်စုံပါ။ (ကျော်စွာလင်း)


(Adopted from Article, “Is Atheism A Religion?” @
http://www.vuletic.com/hume/at/abreligion.html )

No comments:

Post a Comment